ကျွန်တော့ရဲ့ နှင်းဥဆောင်းဘလော့ဂ်မှ နွေးထွေးစွာ ကြိုဆိုပါသည်။

Sunday, April 4, 2010

မျှော်လင့်ဆဲ ပန်းတစ်ပွင့်

၅. ၄. ၂၀၁၀
ဧပရယ်လ

ငါ .......... အဆုံးမဲ့ ရူးသွပ်ခဲ့တယ်
ငါ့အတ္တ ငါ့မာနတွေကိုတောင် ချောင်ထိုးခံထားရတာ
ဒါတွေကို မင်းသိဖို့ ကောင်းတယ်
တကယ်ပဲ မင်းမသိလို့ လားကွာ ........
ထားလိုက်ပါ

အတောင်စုံတဲ့ ငှက်တစ်ကောင်ဟာ
လေဟုန်စီးဖို့ စိတ်ကူးယဉ်အိပ်မက်တွေ
သူ့ မှာ ရှိကောင်းရှိမယ် ........
ဒါပေမယ့် ...
သူ့ မှာ ကြောက်စိတ်တော့ရှိမှာပဲ ။

မင်းလည်း အဲ့ဒီလိုပဲ
မမြင်နိုင်တဲ့ လောကရဲ့ လှည့်ကွက်တွေကို
ဒီအချိန်မှာ မင်းကောင်းကောင်း နားမလည်နိုင်သေးပေမယ့်
မင်းစိတ်ထဲမှာတော့ အမြဲလိုလို
သွက်လပ် မြူးကြွနေတယ် ။

ဒါကို ငါက တစ်ဖက်သက်နဲ့ 
ဇွတ်ချစ်မိနေတော့လည်း ငါ့အပြစ်ပဲပေါ့
ငါ ဖမ်းဆုပ်ဖို့ ဟန်ပြင်လိုက်တဲ့
မင်းလက်တစ်စုံဟာ
မမှီနိုင်တော့မှန်း ငါသိလိုက်ချိန်
ငါ့ရင်ထဲမှာ ပေးဆပ်ခြင်းအချစ်တွေ
ထိန်းမရအောင် ရုန်းကြွခဲ့တယ် ။

မင်းလွတ်လပ်စွာ စိတ်တိုင်းကျ
ပျံသန်းနိုင်ပါတယ် မိန်းခလေး
ဒါပေမယ့် ........
ငါ့နှလုံးသားကတော့
ပထမဆုံးအကြိမ်မှာပဲ အလဲထိုးခံလိုက်ရပြီး
မင်းနဲ့ စခဲ့တဲ့ အချစ်ကြိုးဝိုင်းထဲမှာ
ရင်ထဲ မချိအောင် ရှုံးနိမ့်ခဲ့သူပါကွာ ........... ။ ။

Ref:သော်ခ

မမှီနိုင်တော့တဲ့  တွဲလက်တစ်စုံအတွက် နာကြင်ရသူ

၅. ၄. ၂၀၁၀
ဧပရယ်လ

ကာရန်မညီပေမယ့်
ရာသီမျက်ဝန်းမှာ
လွမ်းငွေ့တွေ သမ်းနေတယ်.....။

အချိန်အခါမဟုတ်ပေမယ့်
ဗြုန်းကနဲ့ ဆိုသလို ဆွေးပုံက ဆန်းသား
ငါ့ရင်ကို နာကျင်စေတယ်

တကယ်ဆိုငါဟာ ....
နင်မပြုစားပေမယ့်
ငါ့ကိုငါ နှောင်ဖွဲ့နေမိသူပါ
ဒါပေမယ့် ပေါ့လေ ......

မျှော်လင့်ခြင်းဆိုတဲ့
ဧဒင်ကပေးတဲ့ သစ်သီးတစ်လုံးကို
ငါ ...........
မြတ်နိုးယုယစွာ သိမ်းဆည်းထားရင်း
အိပ်မက်တွေ ညစဉ် ညတာရှည်ရင်း .......

လပြည့်ညသီချင်းဆန်းထဲမှာ
လက်သီးဆုပ်အလွမ်းတွေနဲ့  .......... ငါ
မင်းကို တမ်းတနေမိလို့ 

လထဲကယုန်လေးကို အပြေးအလွားရှာရင်း
စိတ်ကူးယဉ်အိပ်မက်တွေကို ခဏရပ်
မျက်လုံးမှိတ်ပြီး အကောင်အထည်ဖေါ်ရင်း..
ကြည်နူးနေပုံများ ..........

ဖြတ်ခနဲဆိုသလို အိပ်မက်ထဲက ငါနိုးထချိန်
ငါ့နဘေးကို ကြည့်လိုက်တော့
အော် ...........

လသာည တစ်ညပဲ
ကြယ်တွေလည်း စုံလို့ 
ဒါပေမယ့် ...........
ဟိုး.......... အဝေးကြီးမှာ လမင်းငယ်....
မင်းရော ဘယ်မှာလဲ ............. ကွာ

ငါတွေးရင်း
ငါ့အခန်းတံခါးလေးကို ကြည့်လိုက်တော့
ပွင့်လျှက် ....... ငါစိတ်ကူးနဲ့ 
လထဲကယုန်လေးကို တသက်စာအနမ်းတစ်ပွင့်
ငါ ........ ခြွေချမိခဲ့တယ်။

ပြီးတော့ .......
ငါ့အခန်းတံခါးလေးကို ပိတ်ပြီး
ငါ ..............
မင်းအချစ်ကို အချိန်တွေကို ရေတွက်ရင်း.......
ငါစောင့်မျှော်နေတာ မင်သိပါစေ ........... ချစ်သူ ။ ။

Ref:သော်ခ

Tuesday, March 23, 2010

သူနှင့်ကျွန်တော် ( သို့  ) နိမိတ်ဖတ်သူများ

၂၃. ၃. ၂၀၁၀
မတ်လ


ရောင်းမကုန်တဲ့ အိပ်မက်တွေကို
ရွှေချထားဖို့ အတွက်
အစစ်ဆေးခံ အတ္တုပတ္တိတစ်ခု ရှိတယ်

ဖြန့်ခင်းလို့မရတဲ့ ဇာတ်နာတစ်ပုဒ်ကိုတော့
တခွန်းဆိုင်လေးမှာ ချိတ်ပိတ်ထားတယ်

ကျနော်တို့ရဲ့အမေ့ခံ ကျောက်ဆောင်များအတွက်
စက္ကန့်ဝက်တိုင်း သတိရပေးပါ........

မေ့မရတဲ့ အတိတ်နေ့တွေက
ငါတို့ရင်ကို တလှပ်လှပ် လောင်ကျွမ်းသွားစေတယ်

ပစ္စုပွှန်မျာ ဘဝကို ရွေချထားချင်ပေမယ့်
အနာဂတ်ကို မျှော်ကိုးမိလို့ ငါတို့ဘဝတွေ တိုက်စားခံလိုက်ရတယ်

အဲ့ဒါ ........
ငါတို့အတွက် ရင်ကွဲနိမိတ်ပဲ

ဘာပဲဖြစ်ဖြစ်
သူတို့နှစ်ယောက် ရေးတဲ့ကဗျာ
သည်နေရာလေးမှာ ........
အဆုံးသတ်သွားစေတယ်......... ။ ။



Ref:ကြခတ်